ကော့မှူးမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၃၇၉) ဦး ဝင်ရောက်ဖြေဆိုမည်

ရန်ကုန် ဖေဖော်ဝါရီ ၂၃

၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ရန်ကုန်‌တိုင်းဒေသကြီး တွံ‌တေးခရိုင် ကော့မှူးမြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၂၉) ဦးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနက် ကျောင်းတွင်း ဖြေဆိုမည့် ကျောင်းသား (၃၅) ဦး၊ ကျောင်းသူ (၃၁) ဦး စုစုပေါင်း (၆၆) ဦးရှိပြီး ကျောင်းပြင်ပဖြေဆိုမည့် ကျောင်းသား (၁၂၈) ဦးနှင့် ကျောင်းသူ (၁၈၅) ဦး စုစုပေါင်း ၃၁၃ ဦးနှင့် ကျောင်းတွင်း‌ဖြေဆိုမည့်‌ ကျောင်းသား‌၊ ကျောင်းသူ (၆၆) ဦး၊ ကျောင်းပြင်ပ‌ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၃၁၃)ဦး စုစုပေါင်း(၃၇၉) ဦးရှိကြောင်း သိရသည်။

ကော့မှူးမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (ကော့မှူး)၊ အ.ထ.က စာစစ်ဌာန (၁) ခု၌တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

ကျော်သူရ