စလင်းမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃  ပညာသင်နှစ် (Grade-5)နှင့် (Grade-9) အတန်းများ နှစ်ဆုံးစာမေးပွဲများစွာဖြေဆို

စလင်း  ဖေဖော်ဝါရီ  ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် (Grade-5)နှင့် အလယ်တန်းအဆင့် (Grade-9) အတန်းများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုရာ ကျောင်းသား/  သူများအေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း ကျောင်းပေါင်း (၃၀၈) ကျောင်းရှိရာ မူလတန်းကျောင်း (၆၀)ကျောင်း၊ မူလတန်းကျောင်းခွဲ(၇)ကျောင်း၊ မူလတန်းလွန်ကျောင်း (၃၃)ကျောင်း၊ အလယ်တန်းကျောင်း (၂၅) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၇) ကျောင်း၊ အထက်တန်းကျောင်း (၁၄)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၄၆) ကျောင်းရှိပြီး (Grade-5) အတန်းတွင် ကျောင်းပေါင်း (၂၆၉)ကျောင်း၊ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူပေါင်း (၂၈၇၁)ဦး၊ အလယ်တန်းအဆင့် (Grade-9) အတန်းတွင် ကျောင်းပေါင်း (၉၉)ကျောင်းတို့မှ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၂၃၉၀)ဦး တို့အေးချမ်းပျော်ရွှင်စွာဖြေဆိုကြကြောင်းကို  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်ပြန်/ဆက်၊စလင်းမြို့