ကမမောင်း ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်အန္တရာယ်လက်တွဲကာကွယ်နံရံကပ်နှင့် အိုမီခရွန်အကြောင်းသိကောင်းစရာ အသိ ပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသခဲ့ကြောင်းသိရသည်။
ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးအတွက် မူးယစ်ဆေးဝါးသုံးစွဲလျှင် စိတ်ဓါတ်ကျခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိမိကိုယ်မိမိသေကြောင်းကြံခြင်း၊ မိသားစုစိတ်ဓါတ်လျော့နည်းလာခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
များရှိတတ်ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးအန္တရာယ်ကိုမည်သို့ကာကွယ်မလဲ၊ မြန်မာနိုင်ငံနှင့်စိတ်ကြွရူးသွပ်ဆေးပြဿနာ၊ စိတ်ကြွရူးသွပ်ရူးသွပ်ဆေးများ၏အန္တရာယ်များအကြောင်းကို ပြည်သူများသိရှိစေရန်နှင့် ယခုအခါ ကိုဗစ်ကာလဖြစ်သောကြောင့် အပြင်ထွက်သည့်အခါတိုင်း mask တပ်ဆင်ရန်၊ အပြင်မှ ပြန်ရောက်လျှင် လက်ဆေးရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါတားမြစ်ချက်များနှင့်အညီ နေထိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် နံရံကပ်စာစောင်များကိုချိတ်ဆွဲပြသပေးခြင်းဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များဖြစ်သည့် မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများနှင့် ကိုဗစ်-၁၉ရောဂါအသိပညာပေးစသည့်အချက်များပါဝင်သော နံရံကပ်စာစောင်များကိုပြသလျက်ရှိရာပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရှိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)