တပ်ကုန်း ဖေဖော်ဝါရီ ၂၃
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူအနေဖြင့် မိမိတို့၏ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါစာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်၍ထုတ်ပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများအနေဖြင့် မိမိတို့၏ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ပြီး၊ ပြင်ပဖြေဆိုသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုမည့် စာစစ်ဌာနအလိုက် ထုတ်ယူရမည်ဖြစ်ရာ တပ်ကုန်းမြို့နယ်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့်အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၉၂၄)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်စိုးလွင်