ကျောက်မဲ ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ဗဟိုစျေးကြီးအတွင်း မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေ ၃ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ ဗဟိုစျေးကြီးအတွင်း စျေးရောင်းချနေသော စျေးသည်/စျေးဝယ်များအနေဖြင့် ယခုအခါ နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် စျေးဆိုင်ခန်းများရှိ မီးသုံးစွဲထားမှုအား သေချာစွာငြိမ်းသတ်သွားရန်၊ အရံမီးသတ်ဆေးဘူးများထားရှိရန်၊ မီးဘေးအန္တရာယ်သည် အချိန်အခါမရွေးစိုးရိမ်ရပါသဖြင့် အိမ်တိုင်းအိမ်တိုင်းမီးကို ကြိုတင်ကာကွယ်တားဆီးရန်၊ မိမိနေအိမ်ခြံဝန်းကို သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ ထင်းမီးဖိုအသုံးပြုလျှင် လုံခြုံစွာကာရံခြင်း၊ ကျင်းတူး၍ အသုံးပြုရန်၊ လူမနေသောအဆောက်အဦနှင့် ဂိုထောင်များကို ညစောင့်ထားရှိရန်၊ နေအိမ်များတွင် မီးချိတ်၊ မီးကတ်၊ လှေကား၊ ရေနှင့်သဲ၊ ခေတ်မီမီးသတ်ဆေးဘူးအစရှိသော မီးငြှိမ်းသတ်ကိရိယာများထားရှိရန်၊ နေအိမ်ခြံဝန်းအတွင်း လောင်စာဆီ၊ စက်သုံးဆီ၊ အမွှေးဆီ စသည့် မီးလောင်လွယ်သော ဆီအမျိုးမျိုးကို သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ရန်၊ မီးလောင်မှုမီးလန့်မှု ဖြစ်ပွားပေါ်ပေါက်ပါက ကြိတ်၍မငြှိမ်းသတ်ဘဲ ကျောက်မဲမြို့နယ် မီးသတ်တပ်ဖွဲ့၏ ဖုန်းနံပါတ် ၀၈၂-၄၀၀၆၉ သို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားရန် အသိပေးနှိုးဆော်ခဲ့ပါသည်။
မိုင်းထွန်း(ပြန်/ဆက်)