မက်မန်း ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးစောမြင့်ထွန်းသည် ယမန်နေ့ကကျေးရွာများအရောက်သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မက်မန်းမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရောင်အူ”ဝ”ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ဝင်များနှင့်တွေ့ဆုံ၍ စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများအားလည်းကောင်း၊ နမ့်တော်ကျေးရွာနှင့် ပန်ဖိန်းကျေးရွာတို့တွင် VDP ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအားလည်းကောင်း ကြည့် ရှုစစ်ဆေးခဲ့ရာ ဒေသခံများ၏ ဒေသဖွံ့ဖြိူရေးလိုအပ်ချက်နှင့် တင်ပြချက်များကို ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျာထားချက်များရေးဆွဲဖြည့်ဆည်း ဆောင်ရွက်ပေးဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ သည်။ အဆိုပါလုပ်ငန်းများကွင်းဆင်းစစ်ရာတွင် ညွှန်ကြားရေးမှူးနှင့်အတူ မက်မန်းခရိုင် ဉီးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့မှ လိုက်ပါ၍ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)