ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ ရွှေသဇင်စျေးအတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝင်ရောက်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါစစ်ဆေးခြင်းတွင် ဥတ္တရခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းဝေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းယု၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးနိုင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်ထွန်း၊ မြို့နယ်စျေးများဌာနမှ ဦးစီးအရာရှိ ဦးတင်မျိုးအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့များက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ခွင့်ပြုချက်မရှိသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေး၍ ဝက်အူချောင်းထုပ်၊ မျှစ်ချဉ်နှင့် လက်ဖက်ခြောက် အမျိုးအစား(၃)မျိုးတို့အား ကျန်းမာရေးနှင့်ညီညွှတ်မှု ရှိ/မရှိ ဓါတ်ခွဲစမ်းသပ်စစ်ဆေးရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ နမူနာဝယ်ယူသွားကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)