လောင်းလုံး ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှုလျော့နည်းလာစေရန်နှင့် မီးလောင်ကျွမ်းမှုတစ်စုံတစ်ခုဖြစ်ပေါ်ပါက ချက်ချင်းသိရှိဆက်သွယ်ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက် ၇ နာရီအချိန်က လောင်းလုံးမြို့မစျေးအတွင်း၊ အပြင်လမ်းမကြီး၊ လမ်းဆုံ၊ လမ်းခွများ၌ မီးသတ်ဦးစီးဌာနမှ ဒုတိယအကြိမ် မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် (191)စတေကာကပ်နှိပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးလက်ကမ်းစာစောင်တွင် မီးလောင်ကျွမ်းခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးသတ်ယာဉ်များ၊ အမြန်ဆုံးလာရောက်ငြှိမ်းသတ်နိုင်ရေးအတွက် သတင်းပေးပို့သင့်ပုံ၊ ကားတိုင်းတွင်မီးသတ်ဆေးဗူးဆောင်ထားသင့်ပုံ၊ ဓာတ်ဆီဖြည့်/ ဓာတ်ဆီဖလှယ်လျှင် သတိထားသင့်သောအကြောင်းအရာများ၊ အပြင်သွားမည်ဆိုပါက မီးဖို၌ မီးကြွင်း၊ မီးကျန်စစ်ဆေးသင့်ပုံ၊ ဆေးလိပ်သောက်သူများ သတိထားလိုက်နာရမည့် အကြောင်းအရာများ၊ မီးဘေးနှင့်သဘာဝဘေးအန္တရယ်ဖြစ်ပေါ်ပါက (၂၄)နာရီ အကူအညီတောင်းခံနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ဆက်သွယ်ရန်ဖုန်းနံပါတ်၊ (191) စတေကာများကပ်နှိပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းပြုလာပ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
သိန်းသိန်း