အိမ်မဲမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ ပြသ

အိမ်မဲ ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ယနေ့နံနက်ပိုင်းမှ စတင်ကာပြသခဲ့သည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်း ဓာတ်ပုံများပါဝင်ပြီး ပြည်သူများကစိတ်ပါဝင်စားစွာ ဝင်ရောက်ကြည့်ရှုလေ့လာလျက်ရှိသည်။

ချစ်သက်လယ်(အိမ်မဲ)