အုတ်တွင်းမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရှရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်ဖြင့်ပြသ

အုတ်တွင်း ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်အုတ်တွင်းမြို့နယ်၌ အများပြည်သူများ လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရှရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ပြသပေးလျက်ရှိရာ လာရောက်ကြည့်ရှုလေ့လာကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က ရုရှားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ ယခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီဖြစ်သည်။

ထိုသို့ နံရံကပ်ဘုတ်ဖြင့် ပြသပေးလျက်ရှိရာ (၇၅)နှစ်မြောက် မြန်မာ-ရှရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး မှတ်တမ်းဓာတ်ပုံများဖြစ်သည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုပုံများ ပါဝင်ကြောင်းသိရသည်။

အေမင်းရည်စော(ပြန်/ဆက်)