မင်းဘူး ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် အစဉ်ကြိုးစား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှေ့ မြေစိုက်ဘုတ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အဖြစ် အသိပညာပေး နံရံကပ်ဘုတ် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ (၇၅) နှစ်မြောက် မြန်မာ-ရုရှားဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးတို့အတွက် ပူးပေါင်းလုပ်ဆောင်မှု မှတ်တမ်းဓါတ်ပုံများ၊ နိုင်ငံတော် အစိုးရ၏ ရှေးလုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေမှု မှတ်တမ်းဓါတ်ပုံများကို အများပြည်သူ သိရှိစေရန် ပြသဆောင်ရွက်လျက်ရှိရာ ဒေသခံ ပြည်သူများနှင့် လမ်သွားလမ်းလာ ခရီးသွားပြည်သူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)