တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ‘‘ကလေးလုပ်သမားပပျောက်ရေး” အသိပညာပေး TALK SHOW ဆောင်ရွက်

တောင်ငူ ဖေဖော်ဝါရီ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ‘‘ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး TALK SHOW ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ‘‘ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး TALK SHOW တွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့်‌‌ တောင်ငူခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှုး ဒေါ်နီနီရွှေတို့က ကလေးအလုပ်သမားပပျောက်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေတွင် ကလေးအလုပ်သမားများအား ကာကွယ်ပေးထားသည့်အချက်များ၊ ခေါင်းပုံဖြတ်ခြင်း၏အဓိပ္ပါယ်၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၏ အဓိပ္ပါယ်သတ်မှတ်ချက်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ဆောင်ရွက်ချက်များ စသည်တို့ကိုဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ Talk Show မှ ဆွေးနွေးချက်များအား တောင်ငူခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page မှ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ ဆက်