ငဖဲ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၃)အုပ်စုမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၃၁၉)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊နိုဝင်ဘာ၊ ဒီဇင်ဘာ) လ အတွက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့ငွေများကို ငဖဲမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စု(၃၃)အုပ်စုမှ အသက်(၈၅) နှစ် အထက် သက်ကြီးဘိုးဘွား(၃၁၉)ဦး၏ နေအိမ်များသို့သွားရောက်၍ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ လူမှုရေးအဖွဲ့များနှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ စုစုပေါင်းထောက်ပံ့ငွေကျပ် ကိုးဆယ့်ငါးသိန်းခုနှစ်သောင်းရှိကြောင်း သိရသည်။
မယု(ငဖဲ)