ညောင်လေးပင်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (Youth Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ညောင်လေးပင် ဖေဖော်ဝါရီ ၁၇

ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က (Youth Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော ပြိုင်သမျှအနိုင်ရမှ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီ၀င်းက စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားပြီး "လိုရာဆန္ဒပြည့်ဝစေသောအရာ"ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားခဲ့သည်။

ဆက်လက်ပြီး Youth Club အဖွဲ့ဝင်တစ်ဦးမှ ငယ်စဉ်ချိန်ခါပညာရှာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အဖွဲ့ဝင်တစ်ဦးမှ တိတ်တိတ်နေရွှေ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)