ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက်၌ တန်ဖိုးသင့် ထမင်း၊ ဟင်းများရောင်းချပေး

ပဲခူး ဖေဖောဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အခြေခံလူတန်းစားပြည်သူများ သက်သာသောနှုန်းထားဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များနှင့်အတူ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

တန်ဖိုးသင့်ထမင်း၊ဟင်းများကို ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက်၌ အခြေခံလူတန်းစားအများပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့်စားသုံးနိုင်ရန် ထမင်း/ဟင်း (၁)ပွဲလျှင် ၅၀၀ ကျပ်နှုန်းဖြင့် (ထမင်း၊ ဘဲဥဟင်း၊ ငါးဟင်း၊ အစိမ်းကြော်၊ ငပိရည်၊ တို့စရာ) တို့ပါဝင်ကာ ထမင်းဘူးများအားရောင်းချပေးခဲ့ရာ အခြေခံလူတန်းစားမိဘပြည်သူများမှ ဝမ်းသာအားရဖြင့် လာရောက်အားပေးဝယ်ယူခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်