ပေါင် ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
ထို့နောက် အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှ ရဲအုပ်အောင်နိုင်က ယာဉ်ထိန်းရဲတွေရဲ့ တာဝန်ဝတ္တရားများ၊ ယာဉ်တိုက်မှု ဖြစ်ပွားရတဲ့အကြောင်းအရာများ၊ ယာဉ်တိုက်မှု အမျိုးအစားများ၊ ကားနှင့်ဆိုင်ကယ်မောင်းရာတွင် လိုက်နာရမည့် အချက်များ၊ လမ်းလျှောက်ရာတွင် လိုက်နာရမည့်အချက်များ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (Talk Show) ပြုလုပ်ခြင်းဖြင့် ပြည်သူများ အသိပညာများ တိုးပွားစေရန်ရည်ရွယ်ပါသည်။
မြို့နယ်(ပြန်/ဆက်)