မုံရွာ ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့်တက်ရောက် ကြသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က ရှေးဦးစွာ ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားချက် များကို အစည်းအဝေးတက်ရောက်လာသူများ သိရှိလိုက်နာ အကောင်အထည်ဖော်နိုင်ရေး အတွက် ချပြရှင်းလင်းပြောကြားခဲ့ပါသည်။ ၄င်းနောက် ဟုမ္မလင်းခရိုင်နှင့်နာဂဒေသသို့ နိုင်ငံတော်ဝန်ကြီးချုပ်လာရောက်စဉ် ညွှန်ကြားချက်များကို မြန်ဆန်ကောင်းမွန်စွာ အကောင် အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိပြည်သူများ လူမူစီးပွားဘဝလုံခြုံရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့် အဝရရှိစေရန် တာဝန်ရှိများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများသည် ပြည်သူများ၏အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူ့အကျိုးနှင့် ပတ်သက်လာပါက မှန်မှန်ကန်ကန်ပြောဆို ဆက်ဆံရမည်ဖြစ်ပြီး ပြည်သူလူထုမှလက်ခံသည့် အစိုးရဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ခရိုင်နှင့်မြို့နယ်များအလိုက် လုပ်ဆောင်ရမည့်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အောင်မြင်အောင်အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာ တရားဥပဒေစိုးမိုးပြီး အခြားလုပ်ငန်းများကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်၍ လုံခြုံမှုရှိရန်အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးတာဝန်ရှိသူများမှ တာဝန်ကျေပွန်လိုစိတ်ဖြင့် စေတနာထားကာ တာဝန်ယူဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊
တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု များကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သွင်းကုန်အစား ထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများအား အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း MSME များကို အားပေးကူညီပြီး တိုင်းဒေသကြီး၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ခရိုင်/မြို့နယ်များအတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားချက်နှင့် တာဝန်ပေးအပ်မှုများကိုလည်း အောင်မြင် အောင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး နှင့်သာယာလှပရေး၊ MSME လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်/မြို့နယ် ဒေသတည်ငြိမ် အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊
ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ ခရိုင်/မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့်အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက်ရောက်လာသူ များက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင် ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်