ဇီးကုန်းမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ဇီးကုန်း ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ယနေ့နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး  Talk Show ဆွေးနွေးပွဲ ပြုလုပ်ခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ အခြေခံပညာမူလတန်းလွန်ကျောင်း (အ.မ.က-မူလွန်) ဘုရားလမ်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ကြည်စိုးသန်းက ကိုယ့်ထီး ကိုယ့်နန်း ကိုယ်ကြငှန်း နှင့်တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာသော မြန်မာနိုင်ငံတော်ကြီး၏ သမိုင်းကြောင်းများ၊ ပြည်ထောင်စုနေ့၏ အနှစ်သာရများ၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်ပုံများနှင့် ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်ရေးတို့ကို ပြည့်စုံစွာ ဆွေးနွေးတင်ဆက်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ၊ Talk Show ဆွေးနွေးပွဲများနှင့် ပြည်သူ့အကျိုးပြု နယ်မြေသတင်းများကို ပြည်သူ့စာကြည့်တိုက် facebook page နှင့် We Love Page များတွင် ဆက်လက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ ဆက်)