ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ပေါက်ခေါင်းမြို့နယ်၌ အထက(ပေါက်ခေါင်း)တွင် စာစစ်ဌာန(၁)ခုဖွင့်လှစ်ပြီး၊ စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ (၃၅၁)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်တွင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲသည် သင်ရိုးဟောင်း ကျောင်းသား၊ ကျောင်းသူများအတွက် နောက်ဆုံးနှစ်အဖြစ် ကျင်းပမည့်စာမေးပွဲဖြစ်ပြီး၊ သင်ရိုးဟောင်း ကျောင်းသား၊ကျောင်းသူများအား အခြေခံပညာအထက်ကျောင်းများတွင် ဆရာ၊ဆရာမများက စနေ၊တနင်္ဂနွေနေ့များတွင် အချိန်ပိုသင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)