ဟင်္သာတ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် လူမှုအကျိုးပြု ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လည် ၁ နာရီက ကနောင်စုရပ်၊ အမှတ်(၆ ) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးမြင့်သိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဟင်္သာတမြို့ နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ ပန်းမြိုင်လယ် စိန်းဝင်းမှ လူငယ်နှင့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ မအိမှ လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ အ.ထ.က ၆ ကျောင်း တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြမြသိန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက် (ဟင်္သာတ)