ကလေးဝ ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကွင်းပြပွဲဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီခန့်က အမှတ်(၁)ရပ်ကွက် တောင်သူ ဦးမြင့်မောင်ပိုင် ကွင်းအမှတ် ၁၆၊ စကားဝါမြိုင်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကွင်းပြပွဲတွင် ရေဆင်း-၆ ကုလားပဲ စိုက်ဧက တစ်ဧကတွင် ယူရီးယားနှင့် လက်ချားကို အသုံးပြု၍ ကုန်ကျ စရိတ်နည်းသည့် ပဲမျိုးစုံအထွက်တိုးအောင် စိုက်ပျိုးနည်းကို လက်တွေ့ပြသ ခဲ့ရာ စိတ်ပါဝင်စားသည့် တောင်သူ ၁၅ ဦးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း ၁၀ ဦး တက်ရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးနိုင်က ရှင်းလင်း ဆွေးနွေး၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကိုဇော်(ချင်းတွင်း-မြစ်သာ)