ချောင်းဆုံမြို့နယ် နှီးမုတ် (အ.လ.က) ကေျာင်းတွင် မီးဘေးအန္ထရာယ်ကြိုတင် ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီး​ငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြ

ချောင်းဆုံ ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ၊ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် ပညာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး၊ ယနေ့နံနက်က၊ ချောင်းဆုံမြို့နယ်၊ နှီးမုတ် (အ.လ.က) ကျောင်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီး​ငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမှုများ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမင်းချိုလေးမောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန်း​ဆွေက ကျောင်းသား/သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်ဆင်ထားသင့်သည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားလာပါက လုပ်ဆောင်ရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်အချက်များ နှင့် မီးသတ်ဆေးဗူးအသုံးပြုပုံနည်းလမ်းများကို ရှင်းလင်းပြောကြားပြီး ဆရာ/ဆရာမ ကျောင်းသူ/ကျောင်းသားများအား မီးဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြခဲ့ကာ ကျောင်းသား/သူများကလည်း လက်တေွ့မီးငြှိမ်းသတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ သရုပ်ပြပွဲကို မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)