ကျွန်းလှမြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ကျွန်းလှ ဖေဖော်ဝါရီ ၁၀          

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေကျွန်းမြေ အားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဌာနပေါင်းစုံ အသင်း(၄)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး အုပ်စုပတ်လည်စနစ်ဖြင့် ဖေဖော်ဝါရီ(၁၀) ရက်မှ (၁၁) ရက်နေ့အထိယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှသိရသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ