သဲကုန်းမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

သဲကုန်း ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show အစီအစဉ်ကို မြို့နယ်ရုံး Community Centre ခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင် ဦးထက်ပိုင်မင်း (ကိုပိုင်-သဲကုန်း) က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စု နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် ပြည်ထောင်စုနေ့နှင့်ပတ်သတ်ပြီး လူငယ် လူရွယ်များအပါအဝင် တိုင်းရင်းသား ပြည်သူများအနေဖြင့် ထားရှိသင့်သည့် သဘောထားခံယူချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်ကို သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Thegon Page တို့တွင် ဖော်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၀င့်နန္ဒာဌေး