နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်ဝိုင်းကျင်းပခဲ့ရာ ဦးစီးအရာရှိဒေါ်ဥမ္မာခင်က စာရေးဆရာ မောင်မင်းစိုးရေးသားသော “လူငယ်နှင့်အထက်တန်းစိတ်ဓာတ်” ဖြင့် ဆွေးနွေးရာ လူငယ်များပေါင်းသင်းဆက်ဆံရေးတွင် လူတိုင်းအတွက် အရေးကြီးဆုံးဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် နောင်တဆိုတဲ့တရားကို နောင်မှရနေခြင်းမျိုးမဖြစ်ရန်၊ အတ္တကိုရှေ့တန်းတင်ပြီး မလုပ်သင့်တာမလုပ်မီရန်တို့ကို ဆွေးနွေးခဲ့ပြီး၊ စာပေဝါသနာပါသူတစ်ဦးမှ “ လူငယ်နဲ့စာဖတ်ခြင်း” အကြောင်းအရာအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှဝင်း