မင်းလှမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

မင်းလှ ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) တွင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show အစီအစဉ်အား ယမန်နေ့လယ် ၁ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

အသိပညာပေး Talk Show အစီအ စဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်က အသိပ ညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြား၍ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့်အချက်များ မေးမြန်း‌ဆွေးနွေးခဲ့ရာ အ.မ.က ဇရစ်ချောင်း‌ကျောင်းမှ ဆရာမဒေါ်သင်းသင်းမာက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် (၇၆)နှစ်မြောက်ပြည်ထောင်စု နေ့အမျိုးသားရေး ဦးတည်ချက်များအကြောင်းစသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာပေပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ဖိတ်ခေါ်၍ သက်ဆိုင်ရာကဏ္ဍအလိုက် Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ Online မှတဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ (ပြန်/ ဆက်)