ပန်းတောင်း ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမ၌ ရှင်းလင်းပြီးကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ဗိုလ်မှူးချုပ် ဌေးအောင် ဦးဆောင်သောအဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်သူရ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်ညီ၊ အတွင်းရေးမှူး ရဲမှူး သန်းလွင်၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဆောင်ရွက်ခဲ့သည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအပေါ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဗိုလ်မှူးချုပ် ဌေးအောင် ဦးဆောင်သောအဖွဲ့သည် တောင်ဘွေကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာရှိ ငါးကန်ဟောင်းအား လည်းကောင်း၊ ငါးဆယ်ပေးအုပ်စုရှိ ညောင်ကိုင်းဆည်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့သည် သူရဲတန်းကျေးရွာအုပ်စု၊ သူရဲတန်း မြစ်ရေတင်လုပ်ငန်းအားလည်းကောင်း၊ ထုံးဘိုအုပ်စု၊ ပြင်ကြီးရေလှောင်တမံအား လည်းကောင်း၊ တုံကင်းအုပ်စု၊ ခဝါဆည်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)