အောင်လံမြို့ အမက-၂ (တရော်ကုန်း)ကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်

အောင်လံ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အမက-၂ (တရော်ကုန်း)ကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက သွားရောက်၍ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသိန်းက ဟောပြောပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းအား ဟောပြောခဲ့ပြီး အမက-၁(တရော်ကုန်း)ကျောင်းမှ ဆရာမ ဒေါ်နှင်းယုကျော့က ပြည်ထောင်စုစိတ်ဓာတ်အကြောင်းနှင့် ပြည်ထောင်စုစိတ်ဓါတ်ကို ကျောင်းသား၊ ကျောင်းသူတိုင်း မွေးမြူသင့်ကြောင်း  ဟောပြောခဲ့သည်။ ထို့နောက် စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓါတ်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၂-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသောမိန့်ခွန်းမှကောက်နုတ်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များစသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ ပါဝင်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့ရာ ကျောင်းသူ၊ ကျောင်းသားလေးများမှ စိတ်ပါဝင်စားစွာဖြင့် ဖတ်ကြားခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)