အထက်မင်းလှ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်၈နာရီက ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရပ်ကွက်အသီးသီးမှ ပြည်သူများပါဝင်ယှဉ်ပြိုင်ကြပြီး၊ အာလူး ကောက်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲများကို ဌာနဆိုင်ရာအမျိုးသမီး ဝန်ထမ်းများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲအသီးသီး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်သူများမှ ဆုရရှိသူများကို မင်းလှမြို့ ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားအပြီးတွင် ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)