မော်လိုက်မြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေး အစီအစဉ်ဖြင့် တိုင်းရင်းကြက်မျိုး၊ အိမ်သုံး ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မော်လိုက် ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ဆင်းရဲမှုလျှော့ချရေး အစီအစဉ်ဖြင့် တိုင်းရင်းကြက်မျိုး၊ အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာ စကားပြောကြားရာတွင် ကျေးလက် နေပြည်သူများ ဆင်းရဲမှုလျှော့နည်းစေရန်၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ယနေ့ထောက်ပံ့ပစ္စည်းများကို စနစ်တကျ အလေးထားဆောင်ရွက်ကြရန် စသည်ဖြင့် မှာ ကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌနှင့် ဌာနဆိုင်ရာများက မော်လိုက် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်း(၁၂)စုံနှင့် တိုင်းရင်းကြက်မျိုးခြင်းများကို  ထောက်ပံ့ ပေးအပ်ခဲ့ရာ တက်ရောက်လာကြသည့် ပြည်သူများက အသီးသီးလက်ခံခဲ့ကြသည်။ ထို့နောက် ပြည်သူများကိုယ်စား ခရိုင်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးကျော်စိန်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တောင်ကုန်းကျေးရွာမှ ပြည်သူ တစ်ဦးကလည်းယခုလို ထောက်ပံ့ပေးတာကို ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းရင်းကြက် ထောက်ပံ့ပေးရာမှာ ကြက်များ ဝယ်ယူပြီး မမွေးနိုင်သည့် အိမ်ထောင်စုများကို အဓိက ထောက်ပံ့ပေးလို့ ပို၍ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအပါအဝင် ပြည်သူများအနေဖြင့် တစ်နှစ်မှာ ကြက်မတစ်ကောင်ကို နှစ်သားခွဲ လောက်ကျတာဆိုတော့ လာမယ်နှစ်မှာ အိမ်စီးပွားရေး အတွက် အထောက်အကူဖြစ်မှာမို့ သေချာဂရုစိုက် မွေးမြူသွားမှာဖြစ်ကြောင်းပြောကြား သည်။

အခမ်းအနားတွင် မော်လိုက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျော့နည်းစေ ရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုး တက်စေရန်အတွက် ဆင်းရဲမှုလျှော့ချရေးအစီအစဉ်ဖြင့် အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများ (၁၂)စုံ၊ အိမ်ထောင်စုတစ်စု လျှင် တိုင်းရင်းကြက်မျိုး အထီး()ကောင်နှင့် အမ()ကောင် စုစုပေါင်း ကြက်ကောင်ရေ ()ကောင်နှုန်းဖြင့် မြိုနယ် အတွင်းရှိ အိမ်ထောင်စု စုစုပေါင်း (၁၈၀)စုအတွက် ကြက်ကောင်ရေ (၉၀)ကောင်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

ခရိုင် (ပြန်/ဆက်)