ကျောင်းကုန်းမြို့ အ.ထ.က (ခွဲ) အောက်ပိုင်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကျောင်းကုန်း ဖေဖော်ဝါရီ ၁၀

ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ် ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျောင်းကုန်းမြို့၊ အ.ထ.က (ခွဲ) အောက်ပိုင်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(ခွဲ)အောက်ပိုင်းကျောင်းအုပ်ဆရာကြီး ဦးမင်းမော်မြင့်က အဖွင့်အမှာ စကားပြောကြားပြီး ကျောင်းကုန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်မှ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပသည့် အ.ထ.က (ခွဲ) အောက်ပိုင်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမင်းမော်မြင့်က ဦးဆောင်ဆွေးနွေးပြီး Grade -11 မှ မောင်ရှိုင်းလင်းကိုက လူငယ်နှင့် စည်းကမ်း၊ Grade -10 မှ မောင်ဇင်လင်းပိုင်က လူငယ်နှင့် ကျန်းမာရေး၊ Grade -11 မှ မောင်စည်သူမျိုးနိုင်က လူငယ်နှင့် အားကစား ၊ Grade -10 မှ မအိကျော့မွန်က လူငယ်နှင့်စာပေ၊ Grade-11 မှ မဆောင်းနှင်းဖွေးက လူငယ်နှင့် အိုင်တီနည်းပညာခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ ကြသည်။

ဆွေးနွေးမှုနှင့် ပတ်သက်၍ သိလိုသည့်မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူ များက ပြန်လည်ဖြေကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းနှင့် (၇၆) နှစ်မြောက် အထိမ်း အမှတ် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်