နတ်မောက် ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က မြို့မစည်ပင်သာယာရေးစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးခဲ့ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကို၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးဌေးမော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့က မြို့မစည်ပင်သာယာရေးစျေးအတွင်းရှိ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရန် မီးသတ်ကားဝင်/ထွက်သွားလာနိုင်ရေး ဆိုင်ခန်းများအား သတ်မှတ်နေရာထက် ကျူးကျော်ခင်းကျင်းရောင်းချမှုမပြုရန်၊ စျေးသိမ်းချိန်တွင် အမိုးအကာများအား စနစ်တကျသိမ်းဆည်းဆောင်ရွက်စေရန် စျေးတာဝန်ခံအား ပြောကြားခြင်း၊ စျေးအတွင်းရှိ ရေစင် (၂) စင်၊ ရေငုတ်(၁၁)ငုတ်၊ ရေလှောင်ကန်နှင့် လျှပ်စစ်မီတာဘောက်တို့အား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
လှဝင်း