သံတောင်ကြီး ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းတို့တွင် ယနေ့နံနက်(၉)နာရီအချိန်က (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် ကျောင်းသူ/ကျောင်းသားများ ပြည်ထောင်စုနေ့ ပြုလုပ်ရခြင်းရည်ရွည်ချက်များသိရှိစေရန် ဉာဏ်ပညာစွမ်းရည်၊ အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ၊ စာဖတ်ခြင်းအလေ့အထများရှိစေရန် ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ပြီး ညဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ ခြေထောင့်ထောက် ပြိုင်ပွဲများကိုပြုလုပ် ဆောင်ရွက်ပေးရာကျောင်းသူ/ ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ