မင်းဘူး ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တောင်ရပ်ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မင်းဘူမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က စားသုံးသူ ကာကွယ်ရေးဥပဒေဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများအနေနဲ့ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်ကလူငယ်များတွင် သိသင့်သိထိုက်သော အသိပညာများ၊ ဗဟုသုတများ၊ လူမှုရေးဘာသာရေးစသော သိမှတ်ဖွယ်ရာများဟာ စာပေဖတ်ရှုခြင်းမှရရှိတာဖြစ်တဲ့အတွက် စာအုပ်စာပေများများဖတ်ရမှာဖြစ်ကြောင်း၊ စာရေးဆရာများနှင့် ကမ္ဘာကျော်ပုဂ္ဂိုလ်များဟာ စာအုပ်စာပေများ ဖတ်ရှုလေ့လာကြရကြောင်း ဒါကြောင့်ကျောင်းစာများအပြင် ပြင်ပစာအုပ်စာပေများလည်း များများဖတ်ဖို့ တိုက်တွန်းလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းက အားကစား၏အကျိုးကျေးဇူးများ၊ လူငယ်နှင့်အားကစား၊ အားကစားကျောင်းများဖြစ်ပေါ်လာပုံနှင့် အားကစားကို လိုက်စား၍ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပုံအကြောင်းအရာများကို ဗဟုသုတဖြစ်ဖွယ် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)