ရွှေကျင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

ရွှေကျင် ဖေဖော်ဝါရီ  ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာမဒေါ်မျိုးစုလတ်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့၏ အနှစ်သာရများ၊ တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုကို ဖော်ပြသောနေ့တစ်နေ့ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲ၊ နံရံကပ်ပြပွဲ၊ ဟောပြောပွဲ၊ Talk Show စသည့်ပြည်သူအခြေပြုလုပ်ငန်းများအား ရွှေကျင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ဆက်လက် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ ဆက်)