လဟယ်မြို့တွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုပညာပေးသင်တန်းနှင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းသုံး ကရိယာများပေးအပ်

လဟယ် ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံ ဌာနခွဲမှ ဖွင့်လှစ်ပို့ချသော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရေရှည်တည်တံ့ သော ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုပညာပေး သင်တန်း(TOT)နှင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းသုံး ကိရိယာများတောင်သူ များသို့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန် လဟယ်မြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူက သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး နာဂဒေသ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတာဝန်ခံ ဦးသိန်းထွန်းတင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ရှင်းလင်းရာတွင် ဒေသခံပြည်သူများအား ကော်ဖီသီးနှံ စနစ်တကျ စိုက်ပျိုးထုတ်လုပ်တတ်စေရန်၊ နာဂဒေသအတွင်း အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရေး၊ တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်၊ နာဂဒေသစီးပွါးရေးဖွံ့ဖြိုးတိုးတက်ပြီး လူမှုဘဝ ယာသာဝပြော စေ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အဆိုပါ အခမ်းအနားတွင် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်လာကြ သော လဟယ်မြို့နယ် တောင်သူများနှင့် နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီး၊ ထန်ပါခွေ မြို့နယ်ဦးစီးမှူးများထံ ကော်ဖီ မျိုးစေ့များ၊ ကျင်းတူးစက်များ၊ ကော်ဖီအချို ဓာတ်တိုင်းကရိယာနှင့် တောင်သူများအား အသိပညာပေး စာအုပ်၊ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို (၂)ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းတွင် တောင်သူ (၁၅)ဦး၊ လဟယ်၊ နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီး၊ ထန်ပါခွေ မြို့နယ်ဦးစီးမှူးများ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)