ရွှေဘိုမြို့တွင် တန်ဖိုးမြှင့်စား​သောက်ကုန် (သီးနှံအ​ခြေခံယို၊​ ဖျော်ရည်အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်း (၄/၂၀၂၃ )ဆင်းပွဲကျင်းပ

​ရွှေဘို ​ဖေ​ဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း (၄/၂၀၂၃)ဆင်းပွဲကို ယမန်​နေ့ ည​နေ (၃)နာရီက ရွှေဘိုမြို့ အမှတ်(၄) တပ်မ​တော်စစ်သားစု​ဆောင်း​ရေးတပ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ​လက်​ထောက်ညွှန်ကြား​ရေးမှူး ဦးမျိူးထက်​မောင်က အ​သေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာ​စေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အ​ထောက်အကူဖြစ်​စေမည်ဖြစ်​ကြောင်း၊ နိုင်ငံခြားမှ တင်သွင်း လာ​သော လူသုံးကုန်ပစ္စည်းများ​နေရာတွင် ပြည်တွင်းဖြစ် လူသုံးကုန်များဖြင့် အစားထိုးနိုင်ရန် နိုင်ငံခြားသုံး​ငွေ​​လျှော့ချနိုင်​စေရန်၊​ပြည်သူများ ကိုယ်ပိုင်စီးပွား​ရေးလုပ်ငန်း ထူ​ထောင်ပြီး တစ်ဦးခြင်း ဝင်​​ငွေတိုးတက်​စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်​ကြောင်း​၊ သင်တန်းကို စိတ်ပါဝင်စားစွာ တက်​ရောက်ကြသည့်အတွက်​ကျေးဇူးတင်​ကြောင်း ပြောကြားခဲ့ပြီး သင်တန်းသူ တစ်ဦးဖြစ်သည့်​ ဒေါ်ကြည်ပြာက သင်တန်းဖွင့်လှစ်သင်ကြား​ပေးသူများကို​ ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် နည်းပြနှစ်ဦးတို့က သီးနှံအ​ခြေခံယို၊​ ဖျော်ရည်အမျိုးမျိုးပြုလုပ်နည်းများကို​ ဖေ​ဖော်ဝါရီ(၂)ရက်​နေ့မှ (၅)ရက်​နေ့ထိ (၃)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/ သူ(၂၅)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်