အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

အိမ်မဲ ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးကမြို့နယ်စိုက်တိုးမြှင့်အဖွဲ့ အနေဖြင့် နေကြာစိုက်ပျိုးခြင်းကိစ္စ၊ MSME ပြပွဲအနေဖြင့် ပိုမိုတို့မြှင့်ဆောင်ရွက်နိုင်ရေးအကြောင်း၊ သစ်စိမ်းမြေသြဇာပိုမိုစိုက်ပျိုးရေးအကြောင်း၊ ဆိုလာရေတင်စက်အကြောင်း၊ ဘာသာရပ်အလိုက်ဆွေးနွေး ဟောပြောပွဲတွင်နှင့် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့တွင် လုံခြုံရေးကိစ္စများအစီအမံများ ဆောင်ရွက်မည့်အကြောင်း၊ လာမည့်စနေနေ့တွင် အိမ်မဲမြို့မှရွာသစ်ကျေးရွာ အထိလမ်းဘေးဝဲယာတွင် စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်မည့်အကြောင်းတို့ကိုဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသည့်ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာန၏ဆောင်ရွက်ထားရှိမှု များကို တင်ပြဆွေးနွေးခြင်းနှင့်သိရှိလို သည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ချစ်သက်လယ် (အိမ်မဲ)