မုဒုံ ဖေဖော်ဝါရီ ၉
မွန်ပြည်နယ် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက်၁၀နာရီက မုဒုံမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community centerခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မုဒုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ပြည်ထောင်စုဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ ရှင်းလင်းဟောပြောသည်။ ယင်းနောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်နည်းပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက အုပ်စုခွဲ၍ ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသရာ စိတ်ဝင်တစား လေ့လာခဲ့ကြောင်း သိရသည်။
မုဒုံသူ (ပြန်/ ဆက်)