(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဖြူး ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ပြည်သူများနှင့် ကျောင်းသားလူငယ်များ သိရှိစေရန်အတွက်ရည်ရွယ်၍ အခမဲ့ဖြန့်ဝေနိုင်ရေး ထုတ်ဝေခြင်းဖြစ်ပြီး စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှကောက်နုတ်ချက်၊ စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့ ကဗျာ၊ ဗိုလ်ချုပ်အောင် ဆန်း၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ ကာတွန်းများစသည့် အချက်များ ပါဝင်ကြောင်းသိရသည်။ အဆိုပါသတင်းစကား လက်ကမ်းစာစောင်များအား အ​ခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား  ဦးစွာဖြန်ဝေပေးပြီး ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ ဆက်)