ထန်းတပင်မြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်း အစည်းအဝေးပြုလုပ်

ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စု‌နေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဖြည့်စွက်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးချက်များမှာ ​(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၀န်းအလံတိုင်တွင် ဦးစွာဆောင်ရွက်ပြီး သ၀ဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို မြို့နယ်သီရီမင်္ဂလာခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် အလယ်တန်း၊ အထက်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုချီးမြှင့်သွားနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အလားတူ မြို့တော်သန့်ရှင်းသာယာလှပရေး၊ ပူပြင်းခြောက်သွေ့သော ရာသီရောက်လာသည်နှင့်အမျှ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်/ ကျေးရွာအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လုံခြုံရေး စသည့်အချက်များကို  ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)