မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းပူဇော်အပ်သော နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ် များအား ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာနှင့် ရေစက်ချမင်္ဂလာအခမ်းအနားအား ယနေ့ နံနက် ၅ နာရီအချိန်က ပြည်လုံးချမ်းသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များအား မြို့နယ်သံဃနာယကဆရာတော် အရှင်သူမြတ်များမှ ဗုဒ္ဓဘိသေကအနေကဇာမင်္ဂလာဖြင့် ပူဇော်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များက သရဏဂုဏ်သီလဆောက်တည်ခံယူကာ လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)