မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း မော်လမြိုင်မြို့၊ တိုးချဲ့ကမ်းနားလမ်း၊ ရာမညသဲကွင်း​ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ​ဆောင်ရွက်​ပြီးစီးမှုအခြအ​နေနှင့် ချောင်းမကြီးတူး​ဖော်ခြင်းလုပ်ငန်း ​ဆောင်ရွက်​ထားရှိမှု အ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေး

မော်လမြိုင် ​ဖေ​ဖော်ဝါရီ ၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်မြစ် ကမ်းနားလမ်းတစ်​လျှောက် သန့်ရှင်းသာယာလှပ​ရေးနှင့် အများပြည်သူများ စိတ်​အေးချမ်း​မြေ့စွာ အပန်း​ဖြေ အနားယူနိုင်​ရေး ​ဆောင်ရွက် လျက်ရှိရာ ​ဖေ​ဖော်ဝါရီလ ၇ ရက်​နေ့၊ ည​နေပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဦး​​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ တိုးချဲ့ကမ်းနားလမ်း၊ ရာမညသဲကွင်း​နေရာ၌ လူထုလှုပ်ရှား အားကစားကွင်း ဆောင်ရွက်နိုင်သည့်နေရာနှင့် မြစ်ကမ်း​သာ ​လျှောက်လမ်း​နေရာများ တည်​ဆောက်ခြင်း၊ ကမ်းထိန်း နံရံတည်​ဆောက်ခြင်း၊ ​မြေယာရှုခင်း၊ က​လေးကစားကွင်း၊ နား​နေခုံများ ​ဆောင်ရွက်ခြင်း၊ မြတ်ခင်းပြင်နှင့် အရိပ်ရပင်များ၊ ပန်းပင်များ စိုက်ပျိုးခြင်း၊ အလှမီးတိုင်များ ထွန်းညှိခြင်းများဖြင့် ရာမညသဲကွင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်​​နေပြီးစီး​မှု အ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေးခဲ့သည်။

ထို့​နောက် လုပ်ငန်းတာဝန်ရှိသူမှ သဲ​သောင်ပြင် အလျား (၅၀၀) ​ပေ၊ အကျယ် (၁၁၀)ပေတိုးချဲ့ကမ်းနားလမ်း၊ ရာမညသဲကွင်း​နေရာအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ​ဆောင်ရွက်​​ပြီးစီးနေမှုအ​ခြေအ​နေအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အပန်း​ဖြေအနားယူရာ ​နေရာများကို သန့်ရှင်းသာယာလှပ​စေ​ရေး အ​လေးထား​ဆောင်ရွက်ကြရန်၊ လုပ်ငန်းများ​ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး​စေ​ရေးနှင့် စံညီ စံညွှန်းပြည့်မီ​စေ​ရေး ​ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးရာသီကာလများတွင် ​မော်လမြိုင်မြို့အတွင်း ရပ်ကွက်များ၌ ​ရေကြီး​​ရေလျှံမှုများအား ကာကွယ်နိုင်​စေရန် ​ဇေယျာမြိုင်ရပ်ကွက်အတွင်းရှိ ​ဇေယျာမြိုင်- ​မြေနီကုန်း- ငန်း​တေး ရပ်ကွက် ​ချောင်းမကြီးတူး​ဖော်ခြင်း လုပ်ငန်း ဆောင်ရွက်​ထားရှိမှု အ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး တာဝန်ရှိသူမှ ​ချောင်းမကြီး အပိုင်းလိုက် တူး​ဖော်ပြီးစီး​နေမှု အ​ခြေအ​နေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှု​အေပါ် ပြည်နယ်ဝန်ကြီးချုပ်က ​ရေစီး၊ ​ရေလာ ​ကောင်းမွန်​စေ​ရေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ကြ​စေ​ရေး​ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်​ ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ ဆက်)