မြို့သစ် ဖေဖေဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မြို့ သစ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်၊ ကံသာလေးလမ်းပေါ်ရှိ စားသောက်ကုန်မျိုးစုံ ပြုလုပ်ရောင်းချနေသော ဆိုင်များ၊ စည်ပင်သာယာစျေးအတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိတို့ကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးပြောကြားခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေး ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးဆယ်မောင်က ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ၊ စားသုံးသူနှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများပြောကြားပြီး ဝန်ဆောင်မှုနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သည့်အကြောင်းအရာ များရှိပါက တိုင်ကြားနိုင်သည့်ဌာနများကိုလည်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(IPRD)