ကျွန်းလှ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် အခြေခံ ပညာအထက်တန်းကျောင်း (ကျွန်းလှ) စာသင်ကျောင်းအား ယနေ့ နံနက်က မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်လင်းဟန်နှင့် ဝန်ထမ်း များက စာသင်ကျောင်းအတွင်းအပြင် သန့်ရှင်းရေး၊ ရေကန်များရေဖြည့်ဆည်းထားရေး၊ ရေငုတ်တိုင်များကောင်းမွန်ရေး၊ စာသင်ခန်းများ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်း ထားရှိမှုနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိ မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးမှာကြားခဲ့သည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ စာစစ်ဌာနတစ်ခုဖွင့်လှစ်မည် ဖြစ်ကြောင်း၊ စာမေးပွဲ ဝင်ခွင့်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ ၂၂၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ