သာယာဝတီ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကျင်းပ

သာယာဝတီ ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းနှင့်ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ Talk Show အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးယုဝါအောင်က ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့စေဖို့ လူငယ်လူရွယ်တွေ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးကြစေဖို့ရည်ရွယ်ပြီး အသိပညာပေး Talk Show ဆွေးနွေးရခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး မိုးသဲအောင်(ပန်းမြေ)က ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်အခန်းကဏ္ဍအရေးကြီးပုံ၊ ပြည်ထောင်စုစိတ်ဓာတ်သည်သာ စစ်မှန်သောမျိုးချစ်စိတ်ဖြစ်သည့်အတွက် တိုင်းရင်းသားများစည်းလုံးညီညွတ်မှသာ ပြည်ထောင်စုနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းနိုင်မည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာများအလိုက် လစဉ်ရိုက်ကူးတင်ဆက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)