နတ်မောက် ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းပြိုင်ပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က မမေ့အပ်သည့် နေ့ထူးနေ့မြတ်များအကြောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ် ပညာရေးမှူး ဦးသန်းထိုက်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုက (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပန်းချီပြိုင်ပွဲတွင် ထက်/လယ်/မူ အဆင့် ကျောင်းသား/သူ(၃၀)ဦး၊ ကာတွန်းပြိုင်ပွဲတွင် ထက်/လယ်/မူ အဆင့်(၅)ဦး စုစုပေါင်း( ၃၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးတင်ကိုကို၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်၊ မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှဝင်း