တောင်ငူ ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ TALK SHOW ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ TALK SHOW တွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် စာရေးဆရာကြီးကေတုမောင်ညိုလင်းတို့က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များစသည်တို့ကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုအား တောင်ငူခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)