ညောင်တုန်း ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော မိုးမခ-လိန်ပင်-ဂုံမင်း ကျေးရွာချင်းဆက် ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကျေးရွာချင်းဆက် ကျောက်ချောလမ်းသည် အရှည် ၆၆၀၀ ပေ၊ အကျယ် ၁၄ ပေ၊ ဒု ၆ လက်မဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဦးစိုးမြင့်ဌေးနှင့် လမ်းအရည်အသွေးထိန်းသိမ်းရေး အဖွဲ့တို့က လမ်းအရည်အသွေး ကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီးရေးအတွက် ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး လမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)