ဟုမ္မလင်း၌ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် (၄/၂၀၂၂-၂၀၂၃) ဖွင့်ပွဲကျင်းပ

ဟုမ္မလင်း ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဝါးအခြေခံ လက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၄/၂၀၂၂-၂၀၂၃) ဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့် ကလေးအသင်းဝင်များ၊ သင်တန်းနည်းပြ ဆရာ/မများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ (၈)ရက်နေ့မှ (၂၁)ရက်နေ့အထိ တက်​ရောက်ကြမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၀)ဦးအား သင်တန်းနည်းပြ ဆရာ/မများက စာတွေ့လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)